သမိုင်းသင်ခန်းစာ [ပါရဂူ]

ပါရဂူ

သမိုင်းသင်ခန်းစာ [ပါရဂူ]

6500 MMK
Out of stock
Publisher
ISBN
Pages
107
Wishlist View cart

“သမိုင်းသင်ခန်းစာ စာအုပ်သည် မဇ္ဈိမပဋိပုဂံအကြောင်း ရေးထားသော စာအုပ်ဖြစ်သည်။ သမိုင်းဖြစ်ရပ်မှန်နှင့် ပိုမိုနီးစပ်အောင် ပုဂံသမိုင်းကို မပဋိပဒါကျကျ ရှုမြင်သုံးသပ်ထားသည်။ မြန်မာသမိုင်းထဲက ပုဂံသမိုင်းကဗျာသည် ဝိဝါဒအဖြစ်ရဆုံး ကဗျာဖြစ်သည်။ သမိုင်းဆရာများ အငြင်းပွားရဆုံး “ကွန်တရိုဗာစီ အဖြစ်ရဆုံးကဏ္ဍ ဖြစ်သည်။ ယင်းဝိဝါဒ၊ ယင်းအငြင်းအခုံ၊ ယင်းကွန်ကရိုဗာစီများထဲတွင် “သမိုင်းသင်ခန်းစာ” စာရေးဆရာသည် သူ့အတွက် ကြားကျကျနေရာကို ရွေးချယ်ထားသည်။

“သမိုင်းသင်ခန်းစာ”ထဲက ဇာတ်ဆောင်များထဲတွင်

အနော်ရထာတို့လို၊ ကျန်စစ်သားတို့လို ထိပ်ဆုံးရောက်နေသူများ ရှိသလို

စောလူးတို့လို၊ နရသူရတို့လို အောက်ဆုံးရောက်နေသူများလည်း ရှိသည်။

နရပတိစည်သူတို့လို အလယ်အလတ်မှာ နေသူများလည်း ရှိသည်။

ရာဇကုမာရ်တို့လို ကျေးဇူးသိတတ်သူများ ရှိသလို

စောလူးလို၊ နရသူလို ကျေးဇူးကန်းသူများလည်း ရှိသည်။

ပုဂံသမိုင်းလမ်းသည် အနိမ့် အမြင့် အဆင်း အတက်လမ်းဖြစ်၍

တိမ်းစောင်းမသွားအောင် မနည်းသတိထားပြီး လျှောက်ရသည်။

ပုဂံသမိုင်းခရီးစခန်းများ၌ ရှုကွင်း၊ မြင်ကွင်းများကို တွေ့ရသည်။

တချို့ ရှုကွင်း၊ မြင်ကွင်းများမှာ မင်္ဂလာရှုကွင်းများဖြစ်ပြီး

တချို့ ရှုကွင်းများမှာ အ မင်္ဂလာရှုကွင်း၊ မြင်ကွင်းများဖြစ်သည်။

ယင်းရှုကွင်း၊ မြင်ကွင်းများမှ ထုတ်ယူရရှိသော သင်ခန်းစာသည်

“သမိုင်းသင်ခန်းစာ" . . . .

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.